ကျွန်တော့် ရဲ့ ပင်လယ်
November 25, 2009 by: မိုးစက်နှင်းဆီ(၁)
တချိန်တုန်းကပေါ့……..။ ခြောက်သွေ့လွန်းသော ၊ မိုးခေါင်ရေရှားသော ၊ ကန္တာ ရဆန်လွန်းသော ၊ ပူပြင်းလွန်းသော အရပ်မှာ
နေထိုင် အသက်ရှင်သော သူတယောက်ရှိခဲ့ဖူးတယ်……။ သူဘဝမှာ ရေဆိုတာကို ပေါပေါများများကို မမြင်ဖူးခဲ့ပါဘူး.။
ရေဆိုတာသူ့အတွက်တော့ တန်ဖိုးကြီးမားတဲ့ ရှားပါးပစ္စည်းတခုပါ…။ သူပတ်ဝန်းကျင်မှာ လေပူ လေပွေတွေ တံလျှပ်လှိုင်း
တွေ အပြည့်ဆိုတော့ အေးချမ်းမှုကို လိုချင်နေမိတယ်…။ တနေ့တော့ မမျှော်လင့်ပဲ ပန်းချီကား တချပ်ကို ကောက်ရခဲ့
တယ်…။ အဲဒီပန်းချီကားကတော့ ရှုခင်းပုံတခုကို ရေးဆွဲထားတာပါ….။ ရှင်းသန့်တဲ့ သဲဖြူဖြူလေးတွေရယ်.၊ စိမ်းလဲ့လဲ့
ပင်လယ်ရေတွေရယ်. ၊ အစီအရီနဲ့ လှပနေတဲ့ အုန်းပင်တွေရယ် ၊ မှိုင်းညို့ညို့ ကျွန်းကလေးတွေရယ်.. နဲ့ ရင်သပ်ရှုမော
ဖွယ်ကောင်းတဲ့ ဒီပန်းချီကားလေးကို ကောက်တွေ့ရတဲ့ အချိန်က စပြီးတော့ ဒီလူဟာ ပင်လယ်ကို သွားချင်တဲ့စိတ်
တွေ ပြင်းပြလာခဲ့တယ်…..။ သုဟာ ပင်လယ်ကို စွဲလမ်းလွန်းလို့ သူနေထိုင်ရာ အရပ်ကို စွန့်ခွာပြီးတော့ ပင်လယ်
ဆီသို့ ခရီးထွက်ခဲ့တယ်….။ တော အထပ်ထပ် တောင် အသွယ်သွယ်ကို ဖြတ်ကျော်ပြီး ခရီးဆက်ခဲ့တယ်…..။
ပင်ပန်းကြမ်းတမ်းလွန်းတဲ့အတွက် အားအင်ကုန်ခန်းလု နီးနီးဖြစ်ခဲ့ရတယ်….။ သူဟာ စိတ်ဓာတ်တွေကျပြီး ရှေ့ဆက်ဖို့
အားအင်တွေကုန်ခန်းသွားတဲ့ အချိန်တွေတိုင်းမှာ ပန်းချီကားလေးကို အမြဲကြည့်ခဲ့ပါတယ်….။ ပန်းချီကားလေးကို
မြင်တိုင်း ပင်လယ်ကို မရောက်ရောက်အောင်သွားနိုင်ဖို့ အားအင်တွေ ပြန်ပြည့်ပြည့်လာခဲ့တယ်….။ နောက်ဆုံးမှာတော့
သူရဲ့ကြိုးစားမှုကြောင့် သူဟာ ပင်လယ်ဆီသို့ ဆိုက်ရောက်ခဲ့ပါတယ်….။ သူတွေ့ရတဲ့ ပင်လယ်ဟာ ပန်းချီကားထက်
တောင် ပိုပြီးလှပနေသေးတယ်….။ ပင်လယ်ရဲ့ လှပမှုဟာ သူ့ကို အသက်ရှုမှားစေခဲ့တယ်….။ သူ့ရဲ့ပျော်ရွင်မှုဟာ
အထွတ်အထိပ်ရောက်ခဲ့တယ်……။ ပျော်လွန်းလို့ ဘာကိုမှ မမြင်နိုင်တော့ဘူး…။ တဟုန်ထိုး ပင်လယ်ဆီ ပြေးဆင်း
သွားတယ်….။ လှိုင်းလုံးဖြူဖြူတွေ ခေါ်ဆောင်သွားတဲ့နောက်မှာ ဒီလူဟာ သူချစ်တဲ့ ပင်လယ်ပြင်မှာပဲ အသက်
သေဆုံးသွားခဲ့ရတယ်……..။
(၂)
ကျွန်တော့် ကို ပျော်ရွင်မှုတွေ ပေးနိုင်သော အိပ်မက်များကို မေ့နိုင်မှာ မဟုတ်ပါဘူး..။ အထူးသဖြင့် သူမနှင့်
ပတ်သတ်သောအိပ်မက်များကိုပေါ့….။ ဘယ်တော့ မှ ပြန်မရတော့တဲ့ အတိတ်ရဲ့ ငယ်စဉ်ဘဝလေးများကို
အိပ်မက်များထဲတွင် အကြိမ်ကြိမ် ပြန်ရနေတယ်……။ အဲဒီမြင်ကွင်းတွေဟာ ရုပ်ရှင်ကား တကားကို ကြည့်နေရသလို
ပါပဲ…..။ မြေနီလမ်းလေးထက်မှာ ဂါဝန်ဖားဖားဝတ်ထားသော ကောင်မလေးတယောက် ပြေးလွား ဆော့ကစားနေပုံ
များ…..၊ သူပြောချင်တာတွေပြောနေတက်ပြီး တခါတရံမှာ သူဖာသာ သူ ပျော်ရွင်စွာရယ်မောနေသော ရယ်သံလွင်လွင်လေး
များ….၊ အတူမြင်းလှည်းစီးပြီး သွားစဉ်တုန်းက သူမပြုံးပြသော အပြုံး နုနုလေးများဟာ ရင်ထဲမှာ သံမှိုစွဲထားသလို စွဲမြဲနေခဲ့
ပြီလေ……။ကျွန်တော် သိပ်သဘောကျသော သန့်ရှင်းလတ်ဆတ်တဲ့ အပြုံးတွေပိုင်ဆိုင်တဲ့ ကောင်မလေးဟာ ကျွန်တော့်ရဲ့
သူငယ်ချင်းလဲဖြစ်ခဲ့တယ်….။ ဒါပေမဲ့ သူစိမ်းဆန်ဆန်သူငယ်ချင်း တယောက်သာ……..။ငယ်စဉ်က အတန်းထဲမှာ နေတိုင်း
နေ့တိုင်းလိုလို သူမျက်နာကို ခိုးခိုးကြည့်နေမိတယ်…။ သူမနဲ့ ရင်နှီးအောင် ကြိုးစားချင်ပေမဲ့ သတ္တိကြောင်လွန်းသော
ကျွန်တော်စိတ် ကြောင့် အထမမြောက်ခဲ့ပါဘူး……။ သူမကို သိပ်ချစ်မိနေကြောင်း သူမ သိအောင် ပြောပြချင်နေတယ်…။
ဒါပေမဲ့ သူမရှေ့ရောက်တိုင်း ခြေလှမ်းတွေ အလိုလိုမှား….၊ပြောချင်တဲ့စကားတွေ ဆွံ့အ သွားလေ့ရှိသော ကျွန်တော့်
အဖို့ အဘယ်မှာ ချစ်စကားပြောနိုင်မှာတုန်း….။ ဒီလိုလေးပဲ သူ မသိအောင် တိတ်တခိုးလေး ချစ်နေမိတယ်……..။
ကျွန်တော့် စိတ်ထဲမှာတော့ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာ ချထားတယ်…..။ တနေ့နေ့မှာ သူမကို ချစ်ခွင့်
ပန်မယ်…။ ဒီအချိန်ကျရင် ကျွန်တော်သည်လဲ သူမကို လက်ထပ်ယူနိုင်လောက်သော အရည်အချင်းတွေ ရှိနေရမယ်
လို့…………။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ တိတ်တိတ်လေး ခိုးကြည့်နေချိန်တွေဟာ ကုန်ဆုံးသွားခဲ့ရတယ်…….။ သူမနဲ့
ဝေးကွာခဲ့တယ်………။ ကျောင်းပြောင်းခဲ့တယ်…..။ အတန်းကျောင်းတွေကနေပြီး လောက ကျောင်းကို ပြောင်းခဲ့
တယ်….။ သင်ခန်းစာ အသစ်တွေကို ရင်ဘတ်နဲ့လေ့ကျင့်သင်ယူခဲ့တယ်…..။ ပင်ပန်းဆင်းရဲခြင်းတွေကို လက်တွေ့
လေ့လာဆည်းပူးပြီးလောက် ငွေကြေးကို တန်ဖိုးထားတက်လာတယ်…..။ ကျွန်တော်လုပ်ကိုင်ဆောင်ရွက်နေသော
အရာများအတွက် ရည်မှန်းချက်တခုတည်းပဲရှိခဲ့တယ်…..။ ဒါကတော့ သူမနဲ့ နီးရမယ်လို့………..။ ကျွန်တော် အချိန်ကာ
လ အတော်များများကို ရောင်းစားပစ်ခဲ့တယ်……..။ ငွေကြေးရဲ့နောက်ကို လိုက်ရင်း ပိုင်ဆိုင်မှု အချို့ တဝက်ရှိလာတယ်..။
စိတ်ဆင်းရဲ သောကဖြစ်ရတဲ့နေတွေမှာ သူမအကြောင်း အိပ်မက်တွေကို ပြန်တွေးပြီး ခံနိုင်ရည်ရှိအောင်ကြိုးစားလာခဲ့တယ်…။
ကိုယ်ကိုကိုယ် ယုံကြည်မှုတွေ တိုးလာတယ်….။ ဘာပဲဖြစ်ဖြစ်လေ အရင်တုန်းကနဲ့ မတူတော့တာတော့ အမှန်ပဲဖြစ်တယ်…။
ကောင်မလေးရေ……… ကိုယ်ရဲ့ ယုံကြည်မှုတွေဟာ မင်းကို အခြေခံပြီး တည်ဆောက်ယူခဲ့တာပါ……။
(၃)
အမေ့အိမ်ကို ခဏတာပြန်ရောက်နေသော ကျွန်တော်ဆီကို မိတ်ဆွေ တယောက်က ဖုန်းဆက်လာတယ်…….။ သူရဲ့ ကိစ္စ
တွေမှာ လာရောက်အကူအညီပေးဖို့ အကူအညီတောင်းလာတယ်……..။သူ့ ကိစ္စတွေမှာ လိုက်ပါဆောင်ရွက်ပေးရင်းနဲ့ ရုံးတရုံးမှာ
သူမကို ပြန်တွေ့ခဲ့ရတယ.်…..။ သူမတောင် အရာရှိပေါက်စ တယောက်ဖြစ်ခဲ့ပြီကော……။ မိတ်ဆွေရဲ့ မိတ်ဆက်မှုကို မသိ
ချင်ယောင်ဆောင်နေခဲ့တယ်…..။ ရင်ထဲမှာ ဝမ်းသာမှုက အတိုင်းအဆမရှိ…….။ ကျွန်တော် အိပ်မက်တွေကို အပြင်မှာ အရှင်
လတ်လတ်ကြီး မြင်နေရပြီလေ……..။ သူမကတော့ ဟိုးအရင်က အတိုင်းပါပဲ……။ ရိုးသားမှုတွေမှာ ရင်ကျက်မှုတွေပါကော
ဖြည့်စွက်လို့ထားခဲ့ပြီ………။သူမ ရဲ့ အနားနားမှာ စကားတွေ ဖောင်ဖွဲ့ဖို့ ကြိုးစားနေမိတယ်…..။ ဒါပေမဲ့ ဟိုးအရင်ကလိုပဲ
စကားတွေက တည်လို့မရဘူး….။ သူမကတော့ သူမအလုပ်နဲ့ သူမရှုပ်နေပြီ…….။ တခါတရံ သူမကြည့်သော မျက်လုံးတွေကို
သဘောမကျပါဘူး….။ ကျွန်တော့်ကို အထင်သေးသော အကြည့်တွေကို အတိုင်းသား မြင်နေရတယ်……။ နိင်ငံခြားမှာ အလုပ်
သွားလုပ်လာသောလူတယောက်ကို လုံးဝ အထင်မကြီးဘူး ဆိုတဲ့ သဘော……..။ သြော် မိန်းကလေးရယ်……နိုင်ငံခြားမှာ အ
လုပ်သွားလုပ်သော အလုပ်သမားတယောက်ရဲ့ ဘဝကို မင်းနားလည်နိုင်မှာမဟုတ်ပါဘူး……..။ မင်းတို့ မြင်နေရတာတွေဟာ
ငွေကြေးတွေပါ…….။ ငါတို့အတွက်ကတော့ အချိန်ကာလတွေ…..၊ မျိုသိပ်ခဲ့ရတဲ့ ဒေါသတွေ……၊ဂုဏ်သိက္ခာတွေ….၊
ပျော်ရွင်မှုတွေ…၊မျက်ရည်တွေနဲ့ အသက်တွေကို ရင်းနှီးပြီးမှ ရခဲ့တဲ့ အသီးအပွင့်တွေဖြစ်ကြောင်း မင်းသိနိုင်မှာ မဟုတ်ပါ
ဘူး…….။နောက်ပြီး ကိုယ်စွန့်စားခဲ့သော အရာအားလုံးဟာလဲ မင်းအတွက်ဆိုတာကိုလဲ မင်းသိနိုင်မှာ မဟုတ်ပါဘူး…..။
ကိုယ်ကို အဲလို မျက်လုံးတွေနဲ့ တော့ မကြည့်ပါနဲ့ မိန်းကလေးရယ်…..။ သူမဟာ သူမဝန်းကျင်မှာ ကျင်လည်လွန်းလှတယ်။
သူမရဲ့ ကူညီဆောင်ရွက်ပေးလို့ အစစအရာရာမှာ ချော့မွေ့ အောင်မြင်ခဲ့ပါတယ်……။သူမနားမှာ စကားပြောခွင့်ရဖို့
ကြိုးစားသမျှဟာလဲ ဘာတခုမှ အရာမထင်ခဲ့ပါဘူး…..။ ကိစ္စအားလုံးပြီးတဲ့နောက် သူမကို နေလည်စာစားဖို့ ဖိတ်ခဲ့ပါတယ်…။
ဒါပေမဲ့ သူမက လိမ္မာပါးနပ်စွာ ပဲ ငြင်းဆန်ခဲ့ပါတယ်……..။ ကျွန်တော်တို့ကို နှုတ်ဆက်ပြီးနောက် သူမဟာ တရွေ့ရွေ့
ထွက်ခွာသွားတယ်….။သံယောဇဉ်မပြတ်နိုင်သော စိတ်တွေက သူမကို မျက်စိတဆုံးကြည့်နေမိတယ်…..။ ဟိုးခပ်လှမ်းလှမ်းမှာ
စမတ်ကျနစွာ ဝတ်စားထားသော အရာရှိ အမျိုးသား တယောက်က စောင့်ကြိုနေခဲ့ပြီ……။ ပျော်ရွင်စွာလက်တွဲသွားသောသူတို့
စုံတွဲကို ကြည့်ရင်း…. ရင်ဘတ်ထဲမှာ တစစ်စစ်နာကျင်ကိုက်ခဲလို့လာခဲ့ပြီ…..။ ကျွန်တော့ အသုံးမကျသော နောင်တ တရားများ
နဲ့ ယူကြုံးမရ ဖြစ်နေမိတယ်…။ ဖြစ်နိုင်ရင် အခိုးအငွေ့တွေ အဖြစ် ကမ္ဘာကြီးရဲ့ ဟိုးအပြင်ကို လွင့်ကာသွားလိုက်ချင်ပါရဲ့….။
နောက်တော့ သိရတာကတော့ သူမတို့ မကြာခင်မှာပဲ လက်ထပ်ကြတော့မယ် ဆိုတဲ့ အကြောင်းကိုပါပဲ…….။
(၄)
ကျွန်တော်ဟာ ကန္တာရထဲက လူတယောက် ဖြစ်ခဲ့ပါတယ်…..။ သူမကတော့ ပင်လယ်တစင်းဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ နှ
လုံးသားတစုံ၊ အနှစ်နှစ် အလလ တည်ဆောက်ထားခဲ့သော စိတ်ကူးများ၊ ပျော်ရွင်စေခဲ့သော အိပ်မက်အားလုံးနဲ့ ရှင်သန်
ချင်တဲ့ စိတ်တွေဟာ ပင်လယ်ဆီကို ဆိုက်ရောက်ချိန်မှာ အားလုံး နှစ်မြုပ် သေဆုံး ပျောက်ပျက်သွားခဲ့ရပြီလေ……………။











ညီလေးပြောတော့ စာမရေးတတ်ဘူးတဲ့…
ရေးလိုက်တော့လည်း ပီပီပြင်ပြင်ပါပဲလား…..
ကျွန်တော်ကတော့ အပေါ်ဆုံးအပိုဒ်နဲ့ နောက်ဆုံးပိုဒ် ဖတ်ရတာ
ကဗျာလေးတစ်ပုဒ်ဖတ်ရသလိုပါဘဲ . . . တော်တော်ဖတ်လို့ ကောင်းပါတယ် . . .
ထိရှသော ပင်လယ်
ကိုမိုးစက်ရေ..
ပင်လယ်ပြင် အသစ်တစ်ခုဆီသို့ စိတ်ကူးလှလှများ ရောက်ရှိနိုင်ပါစေဗျာ..
ခင်မင်စွာဖြင့်
သီဟသစ်
ဖတ်လို့တကယ်ကောင်းတယ် ….
ကိုမိုးစက်
စိတ်ကူး ဘ၀ မှ လက်တွေ့ဘ၀ကိုရောက်နိုင်ပါစေ။မြနှစ် ဆုတောင်းပေးပါတယ်။
ရေးတာ ကောင်းတယ်။ ငါ့လူတောင် အတော်တိုးတက်လာပြီ။